ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ   ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက်ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့  ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ မြိုနယ်ဦးစီးမှူး ဦးမြတ်ကျော်သူနှင့် ဝန်ထမ်းများက ပက်အင်းကလေးကျေးရွာတွင် ပြည်ထောင်စုတင်ဒါစနစ် ငွေကျပ်သန်း (၃၀) ဖြင့် ဆောင်ရွက်လျက်ရှိ သည့် ကုန်ထုတ်မြေသားလမ်းအရှည် (၀/၃.၀၄)မိုင်၊ အကျယ် (၁၂) ပေနှင့် အမြင့်(၂)ပေထု၊ ဒေါ့ချိပ် ကျေးရွာတွင် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်(၂၀၂.၇၄၉)သန်းဖြင့် ကုန်ထုတ်မြေသားလမ်းခင်းခြင်း လုပ်ငန်း အရှည်(၂/၄)မိုင်၊ အကျယ် (၁၂) ပေနှင့် အမြင့်(၂)ပေထု ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ရေဖြူကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင်လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျတ် ငွေကျပ်(၉.၉၈) သန်းဖြင့် ရေပေးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးရွာလူထုမှဆောင်ရွက်သည့် (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းများကိုလည်း ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)