စမ်းချောင်းမြို့နယ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများအားပြသဆောင်ရွက်

စမ်းချောင်း ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်း​ ချောင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံ များကို ပြသထားကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာပြည်သူများ အလွယ်တကူ ဖတ်ရှု့လေ့လာ သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ​ရှေ့လုပ်ငန်းစဉ်(၅)ရပ် အတွက် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက်မှတ် တမ်းဓါတ်ပုံများအပါအဝင် ဗီနိုင်း ပိုစတာများဖြင့် ဝေဝေဆာဆာ ပြသထားကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)