ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကျင်းပ

ရန်ကုန်     ဒီဇင်ဘာ     ၁၈

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်  (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို  သိရှိ နားလည်စေပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ ရယူ ပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုးတန်ဖိုးထားတတ်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အဆင့်ပြိုင်ပွဲအား အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊  ကဗျာ၊ ပန်းချီနှင့်ပိုစတာပြိုင်ပွဲ မြို့နယ်အဆင့် ပြိုင်ပွဲမှဆုရရှိသူ (၅) ဦး အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် အ-ထ-က သုဝဏ္ဏ၌ တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ခရိုင်အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စာရင်းပေးပို့ထားပြီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ များကို ၂၀၂၁- ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် အ-ထ-က (၂) လသာ၌ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး