(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အ​ကြိုအဖြစ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုး စေရေးပြိုင်ပွဲများ ကျင်းပပေး

မော်လမြိုင်     ဒီဇင်ဘာ        ၁၇

(၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့  အထိမ်းအမှတ်အကြိုအဖြစ်    စာဖတ်စွမ်းရည်ပြိုင်ပွဲ နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို  မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်လူမှု ဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလက်ထောက် ညွှန်ကြားရေးမှူး  ဒေါ်မြင့်မြတ်သီတာကရှင်းလင်းပေးပြီးနောက် ပြိုင်ပွဲကိုကျင်းပခဲ့ရာစာဖတ်စွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူ ၃ ဦးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ တွင်  ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ၄ဦးတို့အား  တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးသည်။

မော်လမြိုင်ခရိုင်   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   အနေဖြင့် ပြိုင်ပွဲများ ဆောင်ရွက် ပေးခြင်းသည်    ကလေးငယ်များ  ဉာဏ်ရည်ဖွံဖြိုးပြီး       စဉ်းစားတွေးခေါ် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ငယ်ရွယ်စဉ်မှစ၍  စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး လူအများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ် ကောင်းများရရှိစေရန်စသည့် ရွယ်ရည်ချက်ကောင်းများဖြင့်ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)