ဒေါပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါပုံမြို့နယ်ရုံးမှ ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က ပြပွဲများ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် လွတ်လပ်ရေးကို ပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေ ရန် ရည်ရွယ်၍ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်း ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် လွတ်လပ်ရေး ကြိုပမ်းမှုသမိုင်းများကို နံရံကပ်ဗီနိုင်းများဖြင့်  ပြသထားခြင်း၊ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အမျိုးအစား ပညာရပ်များအလိုက် ခင်းကျင်းပြသခဲ့ရာ ပြပွဲသို့ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဒေါပုံမြို့နယ်ရုံး အနေဖြင့် လစဉ် Talk Show အသိပညာပေးခြင်း၊ စာဖတ်ဝိုင်း၊ Online မှ စာအုပ်မိတ်ဆက်၊ ပုံပြော၊ အရုပ်ခေါက်၊ ကဗျာရွတ် စသည့်အစီအစဉ် တင်ဆက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)