မလှိုင် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Center ခန်းမ၌ ယမန်နေ့က နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် နှလုံးသားယဉ်ကျေးမှု စာအုပ်ပါ စာစုအကြောင်းအရာများကို စာပေဝါသနာရှင် ဦးကျော်ဆန်းထွန်းက ခြုံငုံဆွေးနွေး တင်ပြခဲ့ပြီး စာပေဝါသနာရှင် ဦးသိန်းစိုးက၊ ပညာရှိသူတော်စင်နှင့် ဆင်းရဲတဲ့ဘုရင်၊ ကမ္ဘာပေါ်က အတော်ဆုံးလူနှင့် မီးအိမ်တစ်ခုနှင့်လူ စသည့် ခေါင်းစဉ်ပါ စာစု များ၏ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဆွေဆွေ မြင့်က ပညာရှိ အဘိုးအို၊ နောက်ထပ်ငါးမိနစ်နှင့် မိမိ၏တန်ဘိုးကို ဆန်းစစ် အကဲဖြတ် ခြင်း ခေါင်းစဉ်ပါ စာစုများ၏အကြောင်း အရာများကိုဆွေးနွေးတင်ပြခဲ့ပြီး နံ့သာပန်းခင်း စာဖတ်ဝိုင်း သို့ တက်ရောက်၍ ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့ကြသည့် စာပေဝါသနာရှင်များကို အထူးကျေးဇူးတင် ရှိကြောင်း ပြောကြားကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)