ကျိုင်းတောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ကျိုင်းတောင်း ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို  ယနေ့ နံနက်(၉)အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲတွင် ကျိုင်းတောင်းမြို့ အခြေခံပညာအထက်တန်း(တုန်ဟုန်း)ကျောင်းမှ အလယ်တန်း ကျောင်းသား/သူများက လွတ်လပ်ရေးနေ့ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် ကျိုင်းတောင်းမြို့နယ် စည်သာယာရေးကော်မတီခွဲမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟအောင်နှင့် အခြေခံပညာအထက်တန်း (တုန်ဟုန်း) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူမများ  အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ဆုရရှိ သူ ကျောင်းသား/သူများအား ကျိုင်းတောင်းမြို့နယ်စည်သာယာရေးကော်မတီခွဲမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟအောင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စန်းစန်းယဉ် တို့မှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)