ဟိုပင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်မှတ်တမ်းဓါတ်ပုံများအား နံရံကပ်စာစောင်ပြသ

 ဟိုပင်        ဒီဇင်ဘာ        ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်ဦးတည်ချက် (၉)ရပ် တို့ကို ဟိုပင်မြို့ရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍  အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို  ဆောင်ရွက်ခဲ့ကြောင်း  သိရှိရသည်။

          အဆိုပါ  နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်၊ အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်−၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို  သတိပြုကာ မိမိက စ၍ကာကွယ်ပါ၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရရှိ နိုင်မည့် အကျိုးကျေးဇူးများ၊ အဆုတ်ရောင်ရောဂါ မိမိကစ၍ ကာကွယ်ပါ၊ ကိုဗစ်−၁၉ ရောဂါရပ်တန့်ဖို့ ရောဂါကာကွယ် ရေးနည်းလမ်းများကို အားလုံးဆက်လက်လိုက်နာလို့ ပူးပေါင်းဆောင်ရွက်ကြပါစို့၊  ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို နံရံစာစောင်တွင် ကဏ္ဍာ စုံလင်စွာ  ဖော်ပြထား ကြောင်း သိရှိရသည်။                                                                                

တိုးတိုးမေ