(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများ ကျင်ပ

ဒဂုံ ဒီဇင်ဘာ ၁၇

လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများ​ကို ကျောင်းသားကျောင်းသူများ သိရှိနားလည်စေရန်၊ ဉာဏ်ပညာ စွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် ပြိုင်ပွဲများကို အမှတ်()အခြေခံပညာ အလယ်တန်းကျောင်းတွင် ဦးစီးကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး  ပြိုင်ပွဲများကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင်သူ()ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင်သူ(၁၀)ဦး၊ ကဗျာပြိုင်ပွဲ အထက်တန်းအဆင့် ပြိုင်ပွဲဝင်သူ ()ဦး ပန်းချီပြိုင်ပွဲဝင်သူ မူလတန်းအဆင့်​(၂၂)ဦး၊ ပိုစတာပြိုင်ပွဲဝင်သူ အလယ်တန်းအဆင့်()ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ( ၄၈)ဦး တို့အား အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပပြုလုပ်သော ခရိုင်အဆင့်၊ တိုင်းအဆင့်ပြိုင်ပွဲများသို့ အဆင့်ဆင့် ဆက်လက်ရွေးချယ် ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်အဆင့် ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အ-ထ-က(၂)လသာ၌ လည်းကောင်း၊ တိုင်းအဆင့် ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်  အ-ထ-က(၂) လသာ၌ လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်(ပြန်/ဆက်)