မိတ္ထီလာမြို့နယ်၌  ပန်းခင်းစီမံချက်အကြောင်း သိရှိစေရန် လူစည်ကားရာနေရာများတွင်  LED  Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

မိတ္ထီလာ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနမှ  ပန်းခင်းစီမံချက်အကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယမန်နေ့ ညနေ ၃ နာရီ အချိန်က လူစည်ကားရာနေရာများတွင် LED Board မော်တော်ယာဉ်ဖြင့် အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသား တစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှုရှိစေရေးအတွက် သတ်မှတ် ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ စတင်၍ စီမံချက်ကာလ ၁၈ လဖြင့် ပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူ များ ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် ဝန်ထမ်းများက မိတ္ထီလာမြို့ပေါ်ရှိ ရန်ကုန်-မန္တလေးကားလမ်း ရွှေမြင်တင်ဘုရားအနီး၊ ရပ်တော်မူဘုရားအနီး၊ သာသနာ့ဗိမာန်ရှေ့၊ စာတိုက် အနီး၊ စည်ပင်သာယာစျေးအနီး၊ တော်ဝင်နန်းမီးပွိုင့်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အနီး၊ ပြည်သာယာ(၃)လမ်းထိပ်၊ ရှမ်းတဲ(လ.က.သ)တပ်အနီးနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း ကန်လယ်တံတားထိပ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီးတို့တွင် LED Board မော်တော်ယာဉ် ဖြင့် လှည့်လည်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော အကြောင်းအရာများကို ပြသ ခြင်းနှင့် ပြည်ထောင်စုဝန်ကြီး၏ ပန်ကြားလွှာ၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ၊ ပန်းခင်းစီမံချက်ကာလများပါရှိသည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာ လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် မိတ္ထီလာမြို့နယ်တွင် စီမံချက်ကာလ(၁၈)လဖြင့်နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ရန် ၁၆၆၄၅ ဦး လျာထားရာမှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် ၁၂၈၇၅ ဦးအား လက်ဝယ်အရောက် ထုတ်ပေးနိုင်ခဲ့သည့်အပြင် အိမ်ထောင်စုလူဦးရေးစာရင်း ၄၄၃ ခုကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)