နမ္မတူ ဒီဇင်ဘာ ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံ စားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၁၆)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ကုဋေဦးတို့က ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်း၊ လီဆူ (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူတို့အတွက် တစ်အိမ်ထောင်လျှင် ဆီ(၁)ပိဿာ၊ ကုလားပဲ (၁) ပိ ဿာ၊ ဆား (၅၀)သားနှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၁၂၀)စုအတွက် ဆီ (၁၂၀)ပိဿာ၊ ကုလားပဲ (၁၂၀)ပိဿာ၊ ဆား (၆၀)ပိဿာနှင့် လူဦးရေ (၅၄၉)ဦးတို့အတွက် တစ်ဦးလျှင် ဆန်နိုဆီဗူး (၂၈)ဗူးနှုန်း ဖြင့် စုစုပေါင်း ဆန်အိတ် (၈၀)အိတ်အား တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်ကုဋေဦးထံက သိရသည်။
အလားတူ မန်တုံမြို့နယ် မြို့မကတ်သလစ် (IDP)စခန်းနှင့် ကချင် (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၅၇)စု လူဦးရေ (၃၀၀)ဦးတို့အတွက် ဆီ (၅၇)ပိဿာ၊ ကုလားပဲ (၅၇)ပိဿာ၊ ဆား (၅၇)ပိဿာနှင့် ဆန် (၄၄)အိတ်အား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
လူမော် (ပြန်/ဆက်)