ကျောက်ဖြူ ဒီဇင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ်အထက်ရှိပြည်သူများကို ယမန်နေ့ နံနက် ၁၁ နာရီက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါ ခိုလှုံရာစခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ IDPs စခန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် ၎င်း စခန်းမှ Volunteer စေတနာ့ဝန်ထမ်းလူငယ်များမှ လိုအပ်သည်များကူညီဆောင်ရွက်ပေးခြင်း၊ အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းမှတ် တမ်းရေးသွင်းကောက်ယူခြင်းများဆောင်ရွက်ပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေ အနေရှိသူများသာ ကာကွယ်ဆေးများကိုထိုးနှံ ပေးသည်။
ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs Camp တွင် ခိုလှုံနေပြည်သူ ၁၀၀၈ ဦး ခိုလှုံလျက်ရှိ ကြောင်း၊ ယနေ့တွင် ဒုတိယအသုတ်(ပထမအကြိမ်)ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၁၇၀ ဦးလာ ရောက်ထိုးနှံပြီးဖြစ်ကြောင်း၊ စုစုပေါင်းကာကွယ်ဆေးလာရောက်ထိုးနှံပြီးသူ ၇၆၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်း IDPs စခန်းမှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးကိုကိုအောင် ထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း( ပြန်/ဆက်)