သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

သာစည် ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာန(Community Centre)  ခန်းမ၌  (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို     အလယ်တန်းအဆင့်ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးဒေါ်သင်းသင်းက ပြိုင်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား/ သူများကို   စာရေးဆရာအောင်သင်း၏ ပညာသာလျှင်နှင့် သစ်လွင်အတွေးဆောင်းပါးများ စာအုပ်မှ  ပညာသာလျှင် ခေါင်းစဉ်ဖြင့်ဆောင်းပါးကို  ဖတ်မှတ်စေပြီး ပြိုင်ပွဲကိုပြုလုပ်သည်။  ပြိုင်ပွဲတွင်  သာစည်မြို့အမှတ်(၂)ရပ်ကွက် မီးရထား   အလယ်တန်းကျောင်း(ခွဲ)မှကျောင်းသား/ သူ  ၂၀  ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း  သိရသည်။   ဆက်လက်ပြီး   ဆုပေးပွဲကို    ပြုလုပ် ရာ ပထမ၊ ဒုတိယနှင့်တတိယရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနဦးစီးမှူးက ဆုများချီးမြင့်သည်။

အဆိုပါ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲသို့  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများ၊ ဆရာ/မများနှင့်ကျောင်းသား/သူများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)