ပင်လုံမြို့ မြို့မဈေးအတွင်း/အပြင်၌ ဈေးရောင်းချသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများ လိုက်နာခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပင်လုံ     ဒီဇင်ဘာ    ၁၆      

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့မြို့မဈေးတွင် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဒုတိယမြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် အဖွဲ့များ၊ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့် တာဝန်ရှိသူများက ပင်လုံမြို့ဈေးအတွင်း၊အပြင်တွင် ဈေးရောင်းချသူများ၊ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးစည်းကမ်းများနှင့်အညီ ရောင်းချဝယ်ခြင်း ရှိ/မရှိကို ၁၆-၁၂-၂၀၂၁ရက်နေ့ နံနက်(၀၇:၃၀) နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပင်လုံမြို့မဈေးအား ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှုလျှော့နည်းစေရေး အတွက် ရည်ရွယ်၍ မြို့မဈေးကြီးအား နံနက်(၀၆:၀၀)နာရီမှ (၉:၃၀)နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုထားလျှက်ရှိကြောင်း၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျှော့နည်းလာခြင်း ကြောင့် ၁၄-၁၂-၂၀၂၁ ရက်နေ့မှစ၍ နံနက်(၀၆:၀၀) နာရီမှ နေ့လည် (၁၂:၃၀)နာရီ အထိ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း၊ ဈေးရောင်းချသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး (၂)ကြိမ်ထိုးပြီးသူဖြစ်ရန် ၊ ကာကွယ်ဆေးနှံထားပြီးကြောင်း အထောက်အထားကိုင် ဆောင်ထားရန်လိုကြောင်း၊ ဈေးရောင်းချသူနှင့်ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်ထားရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။

နန်းမြင့်မြင့်ဆွေ