လမိုင်းမြို့ အခြေခံပညာကျောင်းများတွင်အသက်(၁၂)နှစ်အထက်ကျန်ရှိနေသော ကျောင်းသား/သူများ အားကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်

လမိုင်း ဒီဇင်ဘာ ၁၇

မော်လမြိုင်ခရိုင် လမိုင်းမြို့အတွင်း အခြေခံပညာကျောင်းရှိ အသက်(၁၂)နှစ် အထက်ကျန်ရှိ နေသော ကျောင်းသား/သူများအား ဒီဇင်ဘာ(၁၆)ရက်နေ့ နံနက်  ၁၀နာရီ အချိန်ကကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက  လာရောက်ထိုးနှံသည့်  အခြေခံပညာကျောင်းရှိ အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊  ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ကျန်းမာရေးကောင်း မွန်သူများသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ်၃၀ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံပေးရခြင်း ရည်ရွယ်ချက်များကို ကျန်းမာရေး တာဝန်ရှိသူက အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် ထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ဆရာ/မများ တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။  ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)