လားရှိုးမြို့တက္ကသိုလ်ရိပ်သာလမ်း လမ်းသားချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းကြည့်ရှုစစ်ဆေး

လားရှိုး        ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဆောင်ရွက်နေသော လမ်းသားချဲ့ခြင်းနှင့်ကတ္တရာထပ်ပိုးလွှာခြင်းလုပ်ငန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့က ယနေ့ မွန်းလွဲ ၁နာရီခွဲအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်၍ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်က ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(၄၉.၄၇)သန်းဖြင့် သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တက္ကသိုလ် ရိပ်သာလမ်းအဆင့်မြှင်တင်ခြင်း၊ လမ်းသားချဲ့၍ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း လမ်းအရှည် ၁၆၃၀ပေ အကျယ် ၁၂ပေ အမြင့် ၃လက်မ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။

စိုင်းအောင်ကျော်စိုး