မိတ္ထီလာ ဒီဇင်ဘာ ၁၆
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူ ၃၁၂၅ ဦးအား ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးရာတွင် ကျောင်းရွာကျေးရွာအုပ်စုမှ ၃ဝဝ ဦးအား ကျောင်းရွာကျေးရွာ ဓမ္မာရုံတွင်လည်းကောင်း၊ အလည်ရွာကျေးရွာအုပ်စုမှ ၉၃ဝ ဦးအား အလည်ရွာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ သီရိမင်္ဂလာရပ်ကွက်၊ ဝန်ဇင်းရပ်ကွက်နှင့် ရတနာမာရ်အောင် ရပ်ကွက်တို့မှ ၇၅ဝ ဦးအား အောင်မင်္ဂလာခန်းမတွင်လည်းကောင်း၊ ရှမ်းတဲကျေးရွာအုပ်စုမှ ၃၂ဝ ဦးအား ရှမ်းတဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ ရေချို ကျေးရွာအုပ်စုမှ ၃၂ဝ ဦးအား ရေချိုအရှေ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ၊ မွေကျေးရွာ အုပ်စုမှ ၂၂ဝ ဦးအား မွေကျေးရွာ ဓမ္မာရုံတွင်လည်းကောင်း၊ ရေဝေကျေးရွာအုပ်စုမှ ၂၈၅ ဦးအား ရေဝေကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ချမ်းသာ