တောင်ပြိုလက်ဝဲမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online Page မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

တောင်ပြိုလက်ဝဲ  ဒီဇင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုခြင်း မပြုနိုင်သူများနှင့် ကလေးသူငယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် ကဗျာရွတ်ဆိုခြင်းများ စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ရုံးပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များမိတ်ဆက်ပေးခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဦးသိန်းနိုင်မှ စာဖတ်ပရိတ်သတ်များနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ ရရှိစေရန်အတွက် စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) ရေးသားသည့် ‘‘ဘဝတစ်လျှောက်အောင် မြင်ပျော်ရွှင်နည်း(ဒေးလ်ကာနက်ဂျီ၏လက်ရွေးစင်စာစု) စာအုပ်ကို လည်းကောင်း၊ အငယ်တန်းစာရေး ဦးကျော်မင်းဦးမှ ‘‘စည်းလုံးညီညွတ်သောလောဒ့်ရွာပုံပြင်စာအုပ်တို့ကို Online မှတစ်ဆင့် ဆွေးနွေးတင်ဆင့်ပေးခဲ့သည်။

တောင်ပြိုလက်ဝဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စာဖတ်ပရိတ်သတ်များကို ဗဟုသုတရရှိစေမည့် အကြောင်းအရာများ စာရေးသူမှ စာဖတ်သူများထံသို့ ပေးချင်သော စာပေအနှစ်သာရတို့ကို ပေါ်လွင်စေရန် စာဖတ်သူများ အကြိုက်တွေ့စေမည့် စာအုပ်စာစောင်များ မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွက်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်များကို ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိသည်။

သိန်းနိုင်(ပြန်/ဆက်)