မြစ်သား ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အများပြည်သူ အသိပညာပေး မြေစိုက်နံရံဘုတ် ပြသဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်သားမြို့နယ်ရုံးရှိ ဝန်ထမ်းများကဆောင်ရွက်ခဲ့သည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ လူကုန်ကူးခံရသည့် အကြောင်း တရားများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်၍ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်င ံတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ် ခဲ့ကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့နှင့် လူကုန်ကူးရောင်းဝယ်မှု အခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေနှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ပြဌာန်းထားသည့် ဥပဒေများနှင့် ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှုဖြစ်ပွားရခြင်းအကြောင်း တရားများကို ကျိုးကြောင်း ဆီလျော်စွာ စီမံဆောင်ရွက် သွားမည်ဆိုပါက လူကုန်ကူးမှုများကို အတိုင်း အတာတစ်ခုအထိ လျှော့ချနိုင် မည်ဖြစ်ကြောင်းစသည့် အကြောင်း အရာများပါဝင်သည့် ဗီနိုင်းပိုစတာကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်းသိရသည်။
မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူ အသိပညာပေး နံရံကပ် စာစောင်များအား လစဉ်အသစ်လဲလှယ် ပြသခြင်းအား အမြဲမပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြမြမွန် (ပြန်/ဆက်)