ဒေါပုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒေါပုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်၉နာရီက ဒေါပုံစျေးအနီးနှင့် မဟာဗန္ဓုလတံတားအဆင်း တို့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်စျေးအနီးတွင် ယာဉ်ထိန်းရဲအုပ် ကိုကိုမောင် ဦးစီးပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ခရီးသည် တင်ကားများအနေဖြင့် သတ်မှတ်ထားသော လမ်းများမှ မောင်းနှင် ရမည်ဖြစ်ကြောင်း၊ မော်တော် ယာဉ်မောင်းနှင်လျှင် လက်ကိုင်ဖုန်း ပြောပြီး ယာဉ်မမောင်းသင့်ကြောင်း၊ အငှားယာဉ်များ၊အိမ်စီးကားများ ကားမောင်းလျှင် မောင်းနှင်သူနှင့် ယာဉ်ပေါ်လိုက်ပါသူများ ထိုင်ခုံခါး ပတ် ပတ်ပြီး မောင်းနှင်ကြရန်၊ သဲ/ကျောက်/မြေသယ်ယာဉ်များ၊ အမိုးအကာ လုံခြုံစွာအုပ်၍ မောင်းနှင် ရန်နှင့် အရှိန်ပြင်းမောင်နှင်ခြင်းမပြုရန်၊ အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် ကြပ်မတ်စစ်ဆေး အသိပညာပေး ပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေး စေရေး အပတ်စဉ် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်မော်