အလုံမြို့နယ်၌ (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြိုအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ပိုစတာ ပြိုင်ပွဲများကျင်ပ

အလုံ ဒီဇင်ဘာ ၁၆

ကျောင်းသား၊ကျောင်းသူများ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်​စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာ​စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်ကျောင်းသား၊ကျောင်းသူများဖြစ်လာ​စေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ()ရက်​နေ့တွင် ကျ​ရောက်မည့် (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၆ ရက်​နေ့၊ နံက်()နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ်()အ​ခြေခံပညာ အထက်တန်း​ကျောင်း၌ ကျင်ပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်ပြိုင်ပွဲများကို အ​​ခြေခံပညာဦးစီးဌာန၊ အလုံ မြို့နယ်ပညာ​ရေးမှူးရုံးမှ ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲများကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံး၊  ကဗျာ ရွတ်ဆိုပြိုင်ပွဲတွင်ကျောင်းသား၊ကျောင်းသူ()ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပိုစတာ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်​ ကျောင်းသား၊ကျောင်းသူ()ဦး၊  မူလတန်းအဆင့် ပိုစတာပြိုင်ပွဲတွင်()ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်()ဦး၊ စုစု​ပေါင်း​ကျောင်းသား၊ကျောင်းသူ(၂၄)ဦးဝင်​ရောက် ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူ​သော ​ကျောင်းသား၊ကျောင်းသူများအ​နေဖြင့် အခြေခံပညာ ဦးစီးဌာနမှ ဦးစီးကျင်းပပြုလုပ်​သော ခရိုင်အဆင့်၊ တိုင်းအဆင့်ပြိုင်ပွဲများသို့ အဆင့်ဆင့် ဆက်လက် ရွေးချယ်ဝင်​ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်​ပြီး ရန်ကုန်အ​နောက်ပိုင်းခရိုင်အဆင့် ပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်​နေ့တွင် --က()လသာ၌ လည်း​ကောင်း၊ တိုင်းအဆင့် ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၈ ရက်​နေ့တွင် --က() လသာ၌ လည်း​ကောင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်​ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်