(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ဇေယျာသီရိ    ဒီဇင်ဘာ    ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ 

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့ဝင် ဦးဇော်မင်းထိုက်က လွတ်လပ်ရေးနှင့် ပတ်သက်၍ သိကောင်းစရာများ၊  တိုင်းရင်းသား ခေါင်ဆောင်များ၏ အသက် ၊ သွေး ၊ ချွေးပေါင်းများစွာဖြင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများ၊ရရှိလာသော လွတ်လပ်ရေးအား အလေးထား တန်ဖိုးထားပြီး၊ လွတ်လပ်ရေး မဆုံးရှုံးအောင် ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း စသည့် သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။                                                                        

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ် လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)