သာကေတမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း အမှတ်(၂၅)၌ ယနေ့နံနက် (၁၀)နာရီတွင် မြို့နယ်အဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ များကို ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၃)ယောက်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၁)ယောက်၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၃) ယောက်၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၃)ယောက်၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၄)ယောက်၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၄)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲတွင် ဆုရရှိသူများအား (၄.၁.၂၀၂၂)တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ဆုရရှိသူများအား ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆောင်းနှင်းဖြူ