နမ့်ဆန် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ ကို အချင်းချင်း အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေး ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့သည်။
ရှေးဉီးစွာ ဆွေးနွေးပွဲကို ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး) ရေးသားသော "ဆောင်းရာသီတွင် ဖြစ်တတ်သောလေဖြတ်ခြင်းကို သတိထားပါ” ခေါင်းစဉ်နှင့် ဆိုင်သော အကြောင်းအရာများ၊ တစ်နေ့တခြား ပို၍ဖြစ်သော အသံတိတ်လူသတ်သမားခေါင်းစဉ်နှင့် သက်ဆိုင်သောအကြောင်းအရာများ၊ အပြန်အလှန် ဆွေးနွေး ကြရာ (Book CIub) အသင်းအဖွဲ့ဝင် ဦးထွန်းဝင်းမှအစာအိမ်တွင်အနာမဖြစ်စေရန် အကြောင်းအရာများ၊ ဒုတိယဦးစီးမှူး ဒေါ်နန်းထားထားလှိုင်မှ အမျိုးသမီးများကို ဒုက္ခပေး တတ်သော ကင်ဆာရောဂါများအကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်