ဗန်းမော် ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်သည် မိမိနေအိမ်တွင် နေထိုင်ရန်(Stay At Home)အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပြီးနောက် ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင်ကျောင်းများကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ကျောင်းသားကျောင်းသူများအား အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့နယ်သည် ဒီဇင်ဘာ ၁၁ ရက်နေ့က မိမိနေအိမ်တွင် နေထိုင်ရန်(Stay At Home)အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပြီးနောက် အခြေခံပညာကျောင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ကာ အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိသည်။ ဗန်းမော်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၉၂)ကျောင်းရှိ သည့်အနက် အခြေခံပညာကျောင်းပေါင်း(၈ဝ)ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မူလတန်းအဆင့်ကျောင်းသားကျောင်းသူပေါင်း(၂ဝဝ၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၁၂၈၁)ဦး၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၆ဝ၉)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၃၈၉၁)ဦးတို့အား အေးချမ်းစွာဖြင့် ပညာသင်ကြားလျက်ရှိပြီး ကျောင်းတက်လိုသည့် ကျောင်းသားကျောင်းသူများက ဆက်လက်လာရောက်ကျောင်းအပ်နှံ လျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ