သီပေါ ဒီဇင်ဘာ ၁၆
ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမား လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍ ကလေးငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိလာရခြင်း၏ အဓိကအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊ ကလေးငယ်များနှင့် ပတ်သက်ပြီး ရသင့် ရထိုက်သော အခွင့်အရေးများ၊ ကလေးငယ်များအပေါ် မတရားညှင်းပန်းနှိပ်စက်မှု၊ အဓမ္မ ခိုင်းစေမှုများ ကြုံတွေ့ရပါက ဆက်သွယ်အကူအညီတောင်းခံရမည့် နည်းလမ်းများ၊ တုန့်ပြန်ဖြေရှင်း ရမည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို ဝေဝေဆာဆာထည့်သွင်း ပြသထားကြောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများ၊ ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး၊ အသုံးပြုနည်းများ စသည့်အသိပညာပေး နံရံကပ်စာစောင် များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)