ဒဂုံအရှေ့ ဒီဇင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ ပါဝင်သည့် နံရံကပ်စာစောင်များ အား ယနေ့ နံနက်(၁၀)နာရီက ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည် ချက်(၉)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများအား ပြသထားရာ မိဘပြည်သူများမှ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)