မိုင်းတုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ကွင်းဆင်း ဆောင်ရွက်

မိုင်းတုံ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံအုပ်စု၊ ဝမ်ဆလားကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများ ပြုလုပ်‌ပေးခြင်းကို‌ ယမန်နေ့  နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ လဝကမှူး ဦးကျာ‌ကောတိဦး‌ဆောင်၍ ဝန်ထမ်းများကကျေးရွာများအလိုက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများ ပြုလုပ်ပေးခဲ့ရာ ကျန်ရှိနေသည့် မိုင်းတုံအုပ်စု၊ ဝမ်ဆလားကျေးရွာ‌နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်ထုတ်ပေးခြင်းတိုကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

မိုင်းတုံအုပ်စုတွင် ဆောင်ရွက်ပြီးဖြစ်၍ ကျန်ရှိသောကျေးရွာများကို လည်းဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်းထံမှ သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)