ဖားကန့်မြို့နယ်တွင် ယနေ့အထိ လူဦးရေခြောက်သောင်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီး

ဖားကန့်  ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ယနေ့အထိ လူဦးရေခြောက်သောင်းကျော် ကိုဗစ်ကာကွယ် ဆေး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ 

ဖားကန့်မြို့နယ်အတွင်းက ပြည်သူများအား သြဂုတ်လ(၂)ရက်နေ့မှ စတင်၍ ကိုဗစ်ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ပြီး လက်ရှိအချိန်ထိ အသက်(၁၂)နှစ်အရွယ် ကျောင်းသူ/ သားများ အပါအဝင် လူဦးရေ (၆၃၀၁၃)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ 

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို  ဖားကန့်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအလိုက် Mobile ထိုးနှံခြင်း အစီအစဉ်အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဖားကန့်(ပြန်/ဆက်)