မချမ်းဘော့ ဒီဇင်ဘာလ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ၍ ကလေးသူငယ်များ ပုံပြင်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်မြင့် မားစေရေး၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ကလေးများ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့နံနက် (၁၁) နာရီ တွင် မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ၊ ကျောင်းသား (၉)ဦးတို့ ယှဉ်ပြိုင်ခဲ့ရာ မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်သူများမှ ဆုရရှိသူများနှင့် ပြိုင်ပွဲတွင်ယှဉ်ပြိုင်ခဲ့သူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့