ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက စာဖတ်ဝါသနာရှင်ကျောင်းသားငယ်များနှင့် ဝန်ထမ်းများစုပေါင်း၍ စာဖတ် ဝိုင်းဖွဲ့ဆွေးနွေးပွဲကို၊ အဆိုပါရုံးရှိ လူထူအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၏ လက်ရှိကာလ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြောကြားပြီး၊ ကောင်းဆုသာ စာပေမှ (ဒုတိယအကြိမ်) ထုတ်ဝေသည့်၊ အောင်ကိုဦး(UMK) ရေးသားသော ကတိစကား လေးတစ်ခွန်း(လူငယ်များအတွက် အတွေးအမြင် စာစုများ) စာအုပ်ပါ “စကားလေး(၃)လုံး” ဆောင်းပါး စာမူအားဖတ်ကြားပြီး၊ ဆောင်းပါး စာမူပါ အကြောင်းအရာများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းနောက် လူငယ်များအနေဖြင့် စာအုပ်စာပေ၏တန်ဘိုးနှင့် စာပေဖြင့် ဘဝကို တည်ဆောက်နိုင်ပုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက် နွယ်နှင့် ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူ ကျောင်းသားကလေးငယ်များ စုစုပေါင်း(၉)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)