ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်တံတား၊ ဒီဇင်ဘာ ၁၅  ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် အမှတ်()ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁၂)နာရီ မိနစ်(၃၀) အချိန်မှ နေ့လည် (၁) နာရီ မိနစ် (၃၀) အချိန်ထိ (Phase 5)Sinovac (2 Dose) First Dose ကိုထိုးနှံ ပေးခဲ့ရာယနေ့တွင် စုစုပေါင်း(၁၉၄)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)