နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်

တောင်သာ  ဒီဇင်ဘာ  ၁၆

           

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊တောင်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့  မြေစိုက်နံရံကပ်ပြဘုတ်တွင်  အသိပညာပေးနံရံကပ်စာစောင်များ  လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက်(၉)ရပ်  မှတ်တမ်းဓာတ်ပုံများကို ပြသထား ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်   ဦးတည်ချက်(၉)ရပ်ချမှတ် ၍  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ အလွယ်တကူ ဖတ်ရှု လေ့လာနိုင်ပြီး  အကျယ်တဝင့်သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက်ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာနှင့်ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)