ဒဂုံအရှေ့ ဒီဇင်ဘာ ၁၅
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ် ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ(၆)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ(၁)ဦး၊ အသစ်လဲလှယ်သူ(၁၈)ဦး၊ စုစုပေါင်း(၂၅)ဦးတို့အား ယနေ့နံနက် (၉)နာရီက ထောင်တလုပ်ရပ်ကွက်၊ အောင်သိဒ္ဓိဓမ္မာရုံတွင် စိတ်ကျန်းမာရေး ဆေးရုံဝန်ထမ်း မိသားစုများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မူလဒေသတွင်အိမ်ထောင်စုရှိပြီး လက်ရှိဒေသတွင် အိမ်ထောင်စု မရှိသူများ အားမူလဒေသနှင့်ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူ များကိုဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့်ဆောင် ရွက်ရာတွင် ရပ်ကွက်အတွင်းအသက်(၁၀)နှစ် အထက်ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ ကိုနိုင်ငံသား စီစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးခြင်းကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်အတွက် မြို့နယ် လ.ဝ.ကဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များသို့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ရပ်ကွက်များ အလိုက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အေးမဉ္ဇူ (ပြန်/ဆက်)