ပုံပါကျင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ တင်ဆက်ပေး

ပုံပါကျင် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေ ချစ်မြတ်နိုးသူပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍  Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း ပုံပါကျင်မြို့ပြည်သူ့စာကြည့်တိုက် သို့ မလာရောက်နိုင်သည့် စာဖတ်သူပြည်သူများနှင့် ကျောင်သား၊ ကျောင်းသူများအား စာပေဗဟုသုတရရှိစေရန်နှင့် စိတ်အပန်းပြေစေရန်ရည်ရွယ်၍ ပုံပါကျင်မြို့၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက Online မှတစ်ဆင့် သုတ၊ ရသ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်၊ ပုံပြင်ပြောခြင်းအစီအစဉ်၊ ကဗျာရွတ်အစီအစဉ်၊ ဆေးရောင်လှလှ ခြယ်ရအောင် အစီအစဉ်နှင့် စက္ကူအရုပ်ခေါက်ခြင်း အစီအစဉ်များကို  ရိုက်ကူး၍ ပုံပါကျင်မြို့၊ ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်‌ပေးလျက်ရှိကြောင်း သိရသည်။

 

သန္တာ(ပြန်/ဆက်)