ဒေါပုံ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ် လ.ဝ.ကမှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၀)ဦး တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမိုးကျော်သူညွှန့်ထံမှ သိရှိရပါသည်။
ဒေါပုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ဝန်ဆောင်ပေးခြင်းကို ဆက်လက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ သတ်မှတ်လျာထားဦးရေ ပြည့်မီရေးအတွက် ကျန်ရှိသည့် ရပ်ကွက်များမှ ပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ယဉ်မော်(ပြန်/ဆက်)