ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ဒေသနေ မိဘပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Good Ground Gems Compang Limited MD ဦးအင်ဖရောင်းဂမ်နှင့် အဖွဲ့များက ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ခရစ္စမတ်ကာလ ကံစမ်းမဲဖောက်ခြင်းအစီစဥ်ကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Good Ground Gems Compang Limited MD ဦးအင်ဖရောင်းဂမ်နှင့်အဖွဲ့များက ခရစ္စမတ်ကာလ ကံစမ်းမဲဖောက်ပေးခဲ့ရာတွင် မြို့နေ မိဘပြည်သူများ တစ်အိမ်တစ်ယောက်နှုန်း တက်ရောက်မဲဖောက်ခြင်း၊ ရပ်ဝေးမှ တာဝန်ကျသော ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း တစ်ဦးစီ လာရောက်မဲဖောက်ပေးခြင်းများဖြင့် ဆောင်ရွက်ခဲ့ရာတွင် ဆန်၊ ဆီ၊ ပစ္စည်းနှင့် ဆိုင်ကယ်များ ပါဝင်ကာ အမြင့်ဆုံးဆုဖြစ်သည့် ဆိုင်ကယ်ကို ကဘရန်ခူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးစိုးနိုင်က မဲဖောက်အနိုင်ရရှိပြီး ကျန်ဆီ၊ ဆန်၊ ပစ္စည်းများကိုလည်း တက်ရောက်လာကြသော ဒေသနေ မိဘပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းကို အသီးသီးကံစမ်းမဲဖောက် ခရစ္စမတ်လက်ဆောင်များ ပေးခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ