ရန်ကင်း ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ဗီနိုင်း ပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီပွားရေး၊ လှုမှုရေး ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
လှလှထွေး