ပူတာအိုခရိုင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက် (၉)ရပ်တွင် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများမြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသ

ပူတာအို   ဒီဇင်ဘာ   ၁၆

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များလစဉ် အသစ်လဲလှယ်ပြသဆောင်ရွက်လျက်ရှိ ရာ ယနေ့နံနက်(၁၀)နာရီခွဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့်ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံဗီနိုင်းလှဲလှယ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများအလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်နှင့်သိရှိရန်လို အပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်မှတ်တမ်းဓါတ်ပုံများနှင့်ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံ ဗီနိုင်းပိုစတာများကိုအသစ်လဲလှယ်ပြသ ဆောင်ရွက်ထားကြောင်းသိရသည်။

ဖုန်ကန်