ကျိုင်းတုံမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျိုင်းတုံ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့က နောင်နွမ်းပူးပေါင်းဂိတ်တွင် တာဝန်ရှိသူများက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ  ရဲတပ်ဖွဲ့ဝင်များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးမှ တာဝန်ရှိသူများက နောင်နွမ်းဂိတ်တွင် ဖြတ်သန်း သွားလာကြသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား လူကုန်ကူးမှုတားဆီး ကာကွယ် ရေးနှင့် ပတ်သတ်၍ ဉပဒေများ၊ လိုက်နာရမည့်အချက်များ၊ စသည့်ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာ နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်‌ရေး နှာခေါင်းစည်း Mask နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်​ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)