လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask)မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး(MaskCamapaign)ကို ယနေနံနက်၈နာရီအချိန်တွင် လူစည်ကားရာ နေရာများဖြစ်သော အနော်ရထာလမ်းနှင့် အထက(၈)ကျောင်းရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
ပါးစပ်/နှခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ရာတွင် အမှတ်(၂၀) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွင် ဧည့်စာရင်းလာရောက်တိုင်သူများ၊ ကျောင်းသား/သူများ၊ ဈေးဝယ်၊ ဈေးရောင်းသူများအား စနစ်တကျ(Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Maskတပ်ဆင်ခြင်း မရှိသူများအား Mask အခု၁၀၀၀အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(MaskCanpaign)ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၊ ရပ်ကျေး အုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ဝေဝေ