ရခိုင်ပြည်နယ်မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား စတုတ္တအသုတ် (ဒုတိယ)အကြိမ်အဖြစ် လူဦးရေ ၂၇၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

မောင်တော  ဒီဇင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သည့် သူများအား စတုတ္တအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းက  သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအနက် စတုတ္တအသုတ် (ဒုတိယ) အကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းက   အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၄၅ ဦး၊ မှီခိုသူ ၁၂၅ ဦး စုစုပေါင်း လူဦးရေ ၂၇၀ ဦးအား ဆက်လက် ထိုးနှံပေးခဲ့ပြီး ယမန်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၈၆၀ ဦးအား ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)