ကျိုင်းတုံ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာ ၁၅ ရက် က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ်ရုံးမှ လူဝင်မှု ကြီးကြပ်ရေးမှူး ဦးစိုင်းခိုင်ညွှန့်နှင့် ဝန်ထမ်းများက ပင်းတောက်ကျေးရွာအုပ်စု၊ ဝမ်တာပုံကျေးရွာမှ တိုင်းရင်းသားပြည်သူ ၁၉ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးပြီး ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျန်ရှိသည့်ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁ ခုနှစ် မေလ ၃ ရက် မှ ဒီဇင်ဘာလ ၁၃ ရက်ထိ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်း ၂၈၃ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၂၈၄ ကတ် ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)