သရက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သရက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁)ကို ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က ဒေသ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများ လျာထားချက်အတိုင်း ပြည့်မီအောင် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ခရိုင်စီမံကိန်း ဦးစီးမှူး ဒေါ်ဝါဝါမြင့်က (၅)နှစ်စီမံကိန်း အဆိုပြု တင်ပြမှုအခြေအနေများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍  ခရိုင်အဆင့်ဌာနများမှ ဘတ်ဂျက်လုပ်ငန်း အဆိုပြုချက်များကို မြို့နယ်များမှ တင်ပြချက်များအပေါ် စိစစ်ခြင်း အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)