စဉ့်ကူး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်”နှင့် အညီ အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်( ၉)နာရီမှစတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးမှ နိုင်ငံ သားတစ်ဦး၏ တရားဝင်မှု၊ မှုလအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှု ရှိစေရေးအတွက်သတ်မှတ် ချက်နှင့် ကိုက်ညီသူ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်အကြား၊ အသက် (၁၈)နှစ် အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်း မရှိသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း မရှိသူများကို မိမိဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်း စီမံချက်ဖြင့် (၃- ၅- ၂၀၂၁) ရက်နေ့မှ ( ၃ - ၁၁ -၂၀၂၂ ) ရက်နေ့အထိ စီမံချက်ကာလ
သတ်မှတ်ဆောင်ရွက် ပေးလျက်ရှိပါသည် ။
ယခုအခါတွင် စဉ့်ကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်အတွင်းရှိ ကျဉ်တောက်ပေါက်ကျေးရွာ၊ ခတတ်ချဉ်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့မှ ပြည်သူ( ၆၆ )ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက် )