မိုင်းပျဉ်းမြို့၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို နေ့ချင်းပြီးအခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းပျဉ်း  ဒီဇင်ဘာ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဒီဇင်ဘာလ(၁၅)ရက်နေ့က နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများက နေ့ချင်းပြီး အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့အမှတ်(၅၂၈)ခြေမြန်တပ်ရင်းရှိစစ်သည်နှင့်မှီခိုစုစုပေါင်း(၂၅)ဦးအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း စုစုပေါင်း (၁၅)စုအား နေ့ချင်းပြီးအခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား နေ့ချင်းပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မိုင်းပျဉ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေနှင့် အဖွဲ့ဝင်(၄)ဦးတို့က ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ဆက်လက်၍ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ  ကျေးရွာများသို့လည်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ခင်သန္တာအောင် (ပြန်/ဆက်)