ဝမ်းတွင်း ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စစ်မှန် သော မျိုးချစ်စိတ်ဓာတ် ရှိနေမည်ဆိုလျှင် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးမြင့်ဇော်မှ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ် ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပေးခဲ့ သည်၊ ထို့နောက် စာကြည့်တိုက်မှူး ဦးတင်လှိုင်မှ ဆွေးနွေးရာတွင် မြန်မာတို့ရဲ့ အမျိုးဘာသာသာ သနာနှင့် ထူခြားသော ဝိသေသလက္ခဏာများ ပင်မှေးမိန်ပျောက်ကွယ်နိုင်သည့် အဆိုးရွားဆုံးအချက်မှာ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုးလျက်ရှိသည့် တပ်မတော်ကို အားအင်ချည့်နဲ့လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင် ရွက်လာခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံကို ဦးဆောင်လိုသည့် လူပုဂ္ဂိုလ်နှင့်အစိုးရအဖွဲ့ အစည်းအတွင်း၌ တာဝန်ထမ်းဆောင်နေသူတစ်ဦး တစ်ယောက် ချင်းစီတွင် တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုးလိုသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိနေမည်ဆိုလျှင် ထိုတိုင်းပြည်သည် ကမ္ဘာတည်သရွေ့ မားမား မတ်မတ် ရပ်တည်နိုင်မည်ဟူ၍ ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး BookClub အသင်းဝင် ဦးကျော်ငြိမ်းမှ ဆွေးနွေးရာတွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် အလွန်ပင် အရေးကြီးကြောင်း၊ အမျိုးဂုဏ်ဇာတိဂုဏ်များကို လူတိုင်း တန်ဖိုးထားတက်ပြဖို့ အရေးကြီးပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိနေမှသာလျှင် တိုင်ပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါ ကြောင်း ဆွေးနွေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်းထမ်းများ၊ Book Club အသင်းဝင်များ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)