မိုင်းပျဉ်း ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဒီဇင်ဘာလ ၁၄ရက်နေ့က မိုင်းပျဉ်းမြို့ မြို့မစျေးအတွင်းမီးဘေး အန္တရာယ် ကာကွယ်ရေးအတွက် မီးလောင်လွယ်သောပစ္စည်းများ မထားရှိစေရန် ကြည့်ရှုစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆက်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းပျဉ်းမြို့၊မြို့မစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးကြွင်းမီးကျန်များမရှိစေရေးနှင့် မီးလောင်လွယ်သောပစ္စည်းများ မထားရှိစေရေးတို့အား ကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကောမတီအမှုဆောင်အရာရှိ ဦးစိန်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မိုင်းပျဉ်းမြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် မီးဘေးလုံခြုံရေး ဆက်တိုက်လေ့ကျင်ခဲ့ပြီး၊ ခေတ်မှီမီးသတ်ကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးကို မြို့နယ်မီးသတ်ဦးစီးမှူးမှထပ်မံ၍ လေ့ကျင့်သင်ကြားပေး ခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)