ခရမ်း ဩဂုတ် ၂၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆေးမျိုးစုံ ရောင်းချသည့်ဆိုင်များတွင် တရားမဝင် ခွင့်ပြုမဲ့နှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်တင်မိုးခိုင် ၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမြတ်ထက်၊ မြို့ ဒုကျန်းမာရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ခရမ်းမြို့အတွင်းဖွင့်လှစ် ရောင်းချလျက်ရှိသည့် ဆေးဆိုင်များတွင် နိုင်ငံတော်မှထုတ်ပြန်ထားသည့် ရောင်းချခွင့်မပြုသည့် တရားမဝင်ဆေးဝါးများနှင့်သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းရှာဖွေ၍ ဆေးဆိုင်များအားအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ကိုမင်း( ခရမ်း )