သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(သင်္ဃန်းကျွန်)ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအသိပညာပေး နံရံကပ်စာစောင်များပြသခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ နံရံကပ်စာစောင်များ ပြသထားရာ ယမန်နေ့ညနေက ပြည်သူ များလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ၊ဦးတည်ချက် (၉)ရပ် ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံအချို့အား ဒေသခံ ပြည်သူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများမှ လာရောက်ကြည့်ရှု ကြကြောင်း သိရသည်။
စန္ဒာမိုး